ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဗိုလ်မှူး ရွာအတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

မောင်တော     နိုဝင်ဘာ  ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းအုပ်စု၊ ဗိုလ်မှူးရွာအတွင်းရှိ  နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့   နေ့လယ် ၁ နာရီအချိန်က မြေပြင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကညင်တန်းအုပ်စု၊ ဗိုလ်မှူးရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက်   လျှပ်စစ်မီးဖိုများ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ စသည့်တို့ကို စနစ်တကျ အသုံးပြုစေရေး၊ နေအိမ်များ အတွင်းရှိ အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်တပ်ဆင်စေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန် များကို စနစ်တကျ မီးငြှိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်း စစ်ဆေးအကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)