အောင်လံမြို့နယ်၌ Covid-19 Positive လူနာ(၉၉၇)ဦးတို့အား ကျွေးမွေးစရိတ်ငွေများပေးအပ်ပွဲ အခမ်းအနားပြုလုပ်

အောင်လံ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊‌ သရက်ခရိုင်၊ အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက အောင်လံမြို့နယ်အတွင်းရှိ (၁-၈-၂၀၂၁)ရက်နေ့မှ (၃၁-၈-၂၀၂၁) ရက်နေ့အထိ သက်ဆိုင်ရာ Quarantine Center များအလိုက် ဝင်ရောက်ကုသမှု ခံယူခဲ့ကြသော Covid-19 Positive လူနာ(၉၉၇)ဦးတို့အား ကျွေးမွေး စရိတ်ငွေများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အောင်လံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Quarantine Center များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာတို့ကို တစ်ဦးလျှင် တစ်ရက် (၄၅၀၀)ကျပ် နှုန်းဖြင့် (၇)ရက်အတွက် ထောက်ပံ့ကြေးငွေ ၃၁၅၀၀/-ကျပ်အား (၉၉၇)ဦးတို့အတွက် စုစုပေါင်းငွေ ကျပ်သုံးရာတစ်ဆယ်လေးသိန်း ငါးထောင်ငါးရာကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)