ကျိန္တလီမြို့၌ အခြေခံပညာကျောင်းများမှအသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ နိုဝင်ဘာ ၂၂

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်၉ နာရီမှ ညနေ့(၃)နာရီအချိန်ထိ အ-ထ-က (ကျိန္တလီ)ဆေးထိုးစုရပ်၌ ဒုတိယအကြိမ် ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ရောက်ရှိလာသော အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ပညာရေးဝန်ထမ်းများထံ အမည်စာရင်းပေးသွင်းခြင်း ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း ၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ကြာ အနားယူစေပြီးမှ ပြန်ခွင့်ပြုခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား/သူများအား လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကူညီ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကျိန္တလီမြို့၌ အ-ထ-က ကျိန္တလီဆေးထိုးစုရပ်တွင် အခြေခံပညာ အ-ထ-က (၂) ကျောင်း၊အ-ထ-က(ခွဲ) (၁)ကျောင်း၊အ-လ-က ခွဲ (၁)ကျောင်း၊ အ-မ-က(လွန်)(၅)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၉)ကျောင်းမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ကျောင်းသား/သူ စုစုပေါင်း(၄၇၄)ဦးတို့ကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

 

ခိုင်မိုးမင်း(ပြန်/ဆက်)