ဖျာပုံမြို့နယ်တွင် (၄)မြို့နယ်အမှုထမ်းအဆင့် ဝန်ထမ်းအသစ်လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်

ဖျာပုံ    နိုဝင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးက ဦးဆောင်ဖွင့်လှစ်သော ()မြို့နယ် အမှုထမ်းအဆင့် ဝန်ထမ်းအသစ် လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် လဝက ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော "ဝန်ကြီးဌာနမှ ကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာနလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး ကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ အမိန့်နာခံတတ်စေရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်တတ်စေရန်၊ ဝတ်စား ဆင်ယင်မှုနှင့်ပတ်သက်၍ စနစ်တကျ ဖြစ်စေရန်နှင့် ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း "ပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင် ()မြို့နယ် လဝက မြို့နယ်မှူးများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသို့ ဖျာပုံခရိုင် ()မြို့နယ်မှ အမှုထမ်းအဆင့် ဝန်ထမ်းအသစ် (၃၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၂-၁၁-၂၀၂၁)ရက်နေ့မှ (၂၆-၁၁-၂၀၂၁) ရက်နေ့ အထိ()ရက်ကြာ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံသင်တန်းအား ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)