ဖောင်းပြင် နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို မေလ ၃ ရက်နေ့မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးရုံးတွင်လည်း ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၇၆ ရွာအနက် ၅၆ ရွာ၌ ဆောင်ရွက်ပေးထား ပြီး (၄၈ ဒသမ ၂၄)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစည်သူကျော်ထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၅၆ ရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၃၄၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၂၆)စောင်ကို ဆောင်ရွက်ပေးထားပြီး ကျေးရွာအုပ်စု ၂၅ အုပ်စု၊ ကျေးရွာပေါင်း ၁၂၀ သို့ ကွင်းဆင်းကာ ဆက်လက် ဆောင်ရွက်ပေး သွာမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစည်သူကျော်ထံမှ သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ပေးရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေးများနှင့် ပေါင်းစပ်ညှိနှိုင်းကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေး ရမည့်သူများ၏ အမည်စာရင်းကိုပြုစု၍ ရှေ့ပြေးလျှောက်လွှာ ပုံစံများ ကြိုတင်ဖြန့်ဝေပေးပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံသို့ တင်ပြကာ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)