အ-ထ-က‌ ရွှေသောင်ယံတွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေး

ရွှေသောင်ယံ   နိုဝင်ဘာ    ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ --ကရွှေသောင်ယံ စာသင်ကျောင်း၌ အောက်တိုဘာလ(၂၂)ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံခဲ့သည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ(၇၂)ဦးကို ယနေ့ နံနက်()နာရီက ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံရာတွင် သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးထိုးရမည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံ ဆောင်ရွက်ပေးကာ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စာရင်း၊ ဇယားများကောက်ယူခြင်း၊ စည်းကမ်းတကျဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်ပေးခြင်း၊ ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊ ရွှေသောင်ယံ နယ်မြေရဲစခန်းမှ လုံခြုံရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခြင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်ကို ယနေ့၌ အ--က ရွှေသောင်ယံစာသင်ကျောင်း၊ နိုင်ဝင်ဘာ (၂၃) ရက်၌ --က အုန်းချောင်း စာသင်ကျောင်း၊ နိုဝင်ဘာ(၂၄)ရက်၌ အ--က သပေါ့ကန် စာသင်ကျောင်းတို့၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)