မုံရွာ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show အစီအစဉ်အား ယနေ့ နံနက်(၁၀)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး က ပန်းခင်းစီမံချက် အသိပညာပေး Talk Show အစီအစဉ်ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင် က ပန်းခင်းစီမံချက် အသိပညာပေး ဆောင်ရွက်ပေးမှု အခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးရာတွင် “ပန်းခင်း”စီမံချက်ဆိုင်ရာ မူဝါဒအချက်အလက်များအနေဖြင့် လူမှုဘဝ ဆောင်ရွက်ချက်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား နိုင်ရေးဟာ ကာယကံရှင် နိုင်ငံသားတစ်ဦးချင်းစီအတွက် အရေးကြီးသလို၊ နိုင်ငံတော်အတွက်လည်း အရေးကြီးပါကြောင်း အခု နိုင်ငံတော်စီမံချက်တစ်ခုအဖြစ် ဆောင်ရွက်နေတဲ့ “ပန်းခင်း” စီမံချက်ဟာ နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဥပဒေနဲ့အညီ ခိုင်လုံတဲ့ အထောက်အထားတစ်ခု ရရှိကိုင်ဆောင်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ “ပန်းခင်း” စီမံချက်ကို နေထိုင်မှုပုံစံ အမျိုးအစား(၄)မျိုးနဲ့ ဆောင်ရွက် ပေးပါကြောင်း၊ ပထမတစ်မျိုးကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်း နေထိုင်ပြီးကေ ထောင်စုစာရင်းရှိတယ်၊ မှတ်ပုံတင်မရှိတဲ့လူတွေပေါ့။ ဒုတိယကတော့ လက်ရှိရာဇဝတ်ဒေသမှာ အမြဲတမ်းနေထိုင်တယ်။ အိမ်ထောင်စုစာရင်းလည်းမရှိဘူး၊ မှတ်ပုံတင်လည်း မရှိတဲ့လူတွေ။ တတိယအမျိုးအစားကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေသမှာ အိမ်ထောင်စု စာရင်းရှိတယ်။ လက်ရှိဒေသမှာ မှတ်ပုံတင်မရှိတဲ့လူတွေ။ စတုတ္ထက ရွှေ့ပြောင်း နေထိုင်သူတွေအတွက်။ မူလဒေသမှာ အိမ်ထောင်စုစာရင်းမရှိဘူး၊ လက်ရှိဒေသမှ အိမ်ထောင်စု စာရင်းလည်း မရှိဘူး၊ မှတ်ပုံတင်လည်းမရှိတဲ့ လူအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)