ဖျာပုံမြို့၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ခင်းကျင်းပြသ

ဖျာပုံ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကိုယနေ့နံနက်ပိုင်းက ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြု ကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသရာတွင် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့လှုပ်ရှားမှု မှတ်တမ်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ဆောင်းပါးကောက်နုတ်ချက်များ၊ အမျိုးသားနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ​ ကျောင်းသား၊ကျောင်းသူများ လာရောက်လေ့လာကြကြောင်း သိရသည်။
အောင်ဝင်းနိုင်