ကျိုက်လတ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျိုက်လတ်   နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က မြို့‌ပေါ်ရပ်ကွက်များနှင့်မြို့မဈေးကြီးအတွင်းအသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင်  ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာတွေ့ရှိမှု လျော့နည်းနေသော်လည်း ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကင်းဝေးနိုင်ရေး၊ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်အ ခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်အနည်းဆုံး စက္ကန့် ၂၀ကြာအောင် စနစ်တကျဆေးရန်အပြင် ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ရောဂါ ပိုးကူးစက်သည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကိုလျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို အားလုံးကကိုယ်စီ လိုက်နာ ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်Hand speaker  ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဌေးဌေးလှိုင်