သဲကုန်း နိုဝင်ဘာ ၂၂
သဲကုန်းမြို့နယ်သူ၊ မြို့နယ်သားများနှင့် ရပ်နီးရပ်ဝေး စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်ထားရှိမည့် အောက်ဆီဂျင်စက်ရုံအတွက် စက်ပစ္စည်း များမှာ မန္တလေးမြို့ စွယ်တော်ကုန်စည်ကားဝင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့မှ သဲကုန်းမြို့သို့ ဆက်လက်သယ်ဆောင်နိုင်ရေးအတွက် သဲကုန်းမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သဲကုန်းမြို့သို့ရောက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း စက်တပ်ဆင်လည်ပတ်နိုင်ရေးအတွက် OMINI Trade ကုမ္ပဏီမှ တာဝန်ရှိသူများမှ လာရောက်တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)