ငဖဲမြို့နယ် မြစ်ဖျားကျေးရွာနှင့် ဇီးတောကျေးရွာမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

ငဖဲ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဇီးတောကျေးရွာနှင့် ယနေ့နံနက်ပိုင်းက မြစ်ဖျားကျေးရွာသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို အခမဲ့ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ ဒု-လဝကမှူး ဦးမျိုးမင်းကျော် က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စနစ်တကျ မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်း အသုံးပြုရန် အသိပညာပေး ပြောကြားသည်။

ထို့နောက် ဒု-လဝကမှူး ဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများက ဇီးတောကျေးရွာမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူ ၆(က) ၈ ဦး၊ ၊အသစ်လဲလှယ်သူ(၁၄)ဦးနှင့် မိတ္တူပြုလုပ်သူ(၁၅)ဦး စုစုပေါင်းပြည်သူ(၃၇)ဦး၊ မြစ်ဖျားကျေးရွာမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူ ၆(က) ၂ ဦး၊ ၃(က)ပြုလုပ်သူ ၁ဦး၊အသစ်လဲလှယ်သူ (၁၈)ဦးနှင့် မိတ္တူပြုလုပ်သူ (၁၅)ဦး စုစုပေါင်းပြည်သူ (၃၆)ဦးတို့အား အထောက်အထားများ စိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ၂၀၂၁ခုနှစ်၊ မေလ (၃)ရက်နေ့မှ စ၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ၆(က)ပြုလုပ်သူ (၉၆ ) ဦး၊ ၃(က) ပြုလုပ်သူ(၁၈၈ )ဦး၊ အသစ်လဲလှယ်သူ (၃၅၅)ဦး နှင့် မိတ္တူပြုလုပ်သူ (၂၆၃ )ဦး၊ စုစုပေါင်း  ပြည်သူ(၉၀၂)ဦးအား ပြုလုပ်ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)