ဖြူး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ ထိုးနှံနိုင်ကြောင်းနှင့် ရောဂါ ကာကွယ်ရေးဆိုင်ရာများကို ယနေ့နံနက် (၉)နာရီက စတင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆေးခွဲတမ်းအလိုက် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မထိုးနှံရသေးသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန် ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီး ကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကိုလည်းကောင်း တိုက်တွန်းနှိုးဆော် ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် နိုဝင်ဘာလ(၂၁)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ မရှိသောကြောင့် စုစုပေါင်း အတည်ပြုလူနာ (၁၃၆၇)ဦး၊ သေဆုံးသူမှာ (၈၆)ဦး၊ ဆေးရုံလက်ကျန် (၃)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နေမျိုးလွင်