ရေတာရှည် နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး တိုက်တွန်းနှိုးဆော်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိပြီး ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့လူနာ (၁၅၆၈)ဦး၊ ဆေးရုံဆင်း (၁၅၂၇)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ (၃)ဦး၊ သေဆုံး(၃၆)ဦး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)