ဇီးကုန်း နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သံဃာတော်များနှင့် ပြည်သူများကို Phase-4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram) ထိုးနှံခြင်းကို အမှတ်(၄)ရပ်ကွက် မြို့လယ် သံဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီမှစတင် ထိုးနှံပေးလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် ဦးတည်အုပ်စု(၂၄)အုပ်စုသတ်မှတ်၍ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယနေ့တွင် ကျေးရွာအုပ်စု (၈)အုပ်တို့စုမှ ပြည်သူ(၁၈၅၀)ဦးအား မြို့လယ် သံဓမ္မာရုံအတွင်း ဆေးထိုးနေရာလေးခုခွဲ၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ ကျန်ကျေးရွာ အုပ်စုများမှ ပြည်သူများကို နောက်ရက်များတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု အကြိမ်တွင် ပြည်သူ(၈၀၀၀)ဦးအား Phase-4 ပထမအကြိမ်တွင် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ