နတ်မောက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာရမည့် အချက်များအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဆောင်ရွက် ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် အများပြည်သူများအနေဖြင့် အတက်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌ သာနေထိုင်ကြရန် ပြင်ပမှလာသောဧည့်သည်များကို လက်မခံကြရန်၊ အပြင်သို့ ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားရန် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို အလေးထားလိုက်နာကြရန်၊ ကာကွယ်ဆေး ထိုးနှံခြင်းကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြရန် စသည့် အချက်များကို Hand Speaker ဖြင့် မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှဝင်း