မြောင်းမြ မြို့ နိုဝင်ဘာ ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန် ရက်နေ့ နံနက်(၉း၀၀) နာရီက မြောင်းမြမြို့နယ် ကမကိုင်ကျေးရွာ ဝိသုဒ္ဓါရွာမကေျာင်းတိုက်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ လ/ထလဝကမှူး ဒေါ်ခင်ဖြူအိနှင့် ဝန်ထမ်းများက ကမကိုင် ကေျးရွာအတွင်းရှိ ပြည်သူများမှ အသက် (၁၆)နှစ်အောက်(၁၇)ဦး၊ အသက် (၁၆-၁၈) နှစ် (၁၈) ဦး၊ အသက်(၁၈)နှစ်အထက်(၅၀)တို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ခဲ့ပြီးလဲလှယ် (၃၉) ၊မိတ္တူ(၁၈) စုစုပေါင်း (၁၄၂) ဦး ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း သိရသည်။
စန္ဒာကြည်