မြောင်းမြ နိုဝင်ဘာ ၂၁
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအမျိုးသားအောင်ပွဲနေ့ စာအုပ်ပြပွဲတွင်အမျိုးသားနေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များနှင့် အခြား ရသစုံ စာအုပ်စာစောင်များကို ပြသပေးခဲ့ကြောင်းသိရပြီး၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာ များကို ကျောင်းသားကျောင်းသူများ ဗဟုသုတတိုးပွားသိရှိစေရန်၊ စာပေကို ချစ်မြတ်နိုးတတ် လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် တွေးခေါမှု မှန်ကန် စေရန် ရည်ရွယ်၍ ပြသခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါပြပွဲ၌ စာအုပ်စာစောင်များ ဝေဝေဆာဆာ ခင်းကျင်းပြသထားသည်ကို ကျောင်းသားကျောင်းသူ များမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်းသိရပြီး မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း ကစာအုပ်ပြပွဲသို့ လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအား မေတ္တာလက်ဆောင်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။