ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်း ကမာ္ဘ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေ

မောင်တော   နိုဝင်ဘာ   ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများ နေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောခြင်း ၊ နှာခေါင်းစည်း Mask များနှင့် ဆပ်ပြာခဲများ ဖြန့်ဝေခြင်းကို ယနေ့  နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းများနှင့် လမ်းဆုံလမ်းခွများတွင်  ပြုလုပ်ခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ ဝန်ထမ်းများ  ၊ ခရိုင်မိခင်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ ၊ (၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာကလေးများနေ့ အထိမ်းအမှတ် လမ်းသွား၊ လမ်းလာ ပြည်သူများအား ကလေးသူငယ်များဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)ခု  ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရေးအတွက်  နှာခေါင်းစည်း Mask (၅၀၀) ၊ ဆပ်ပြာခဲ (၅၀၀)ခဲ အား လမ်းဆုံလမ်းခွများတွင်  ဖြန့်ဝေပေးခဲ့ ကြသည်။  

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား/သူများအား  ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေတွင် ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဥပဒေပါ အခွင့်အရေးများ၊ အသက်(၁၈)နှစ်အောက် ကလေးများပြစ်မှု ကျူးလွန်မိခဲ့လျှင် ဥပဒေမှ အကာအကွယ်ပေးထားသော အခွင့်အရေးများ၊ မိမိပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ  ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မပြုကျင့်ရအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ ၊ မိမိအပေါ်တွင် မှာသော်လည်းကောင်း ၊ မိမိပတ်ဝန်းကျင်မှာ သော်လည်းကောင်း ကလေးသူငယ်များအပေါ်မှာ  အကြမ်းဖက်မှုများ လွဲမှား စွာပြုကျင့်မှုများအား သိရှိလျှင် ဆက်သွယ်အကူအညီ တောင်းခံရမည့် ဌာနအဖွဲ့အစည်းများ၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ကျောင်းသား/သူ များ သိရှိနိုင်ရေးအတွက်  အကျယ်တဝင့် ရှင်း လင်းပြောကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)