ရမ်းဗြဲမြို့နယ်၌ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများ ကျောင်းတက်ရာတွင် အဆင်ပြေစေရေးအတွက် We Love Rakhine အဖွဲ့နှင့် Less Walk အဖွဲ့တို့မှ ပူးပေါင်း၍ စက်ဘီးများလှူဒါန်း

ရမ်းဗြဲ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ်အတွင်းမှ ဆင်းရဲနွမ်းပါးကလေးငယ်များ  ကျောင်းတက်ရောက်ပညာသင်ကြားရာတွင် သွားလာရေး လွယ်ကူအဆင်ပြေစေရေးကို ရည်ရွယ်လျက် We Love Rakhine အဖွဲ့နှင့် Less Walk အဖွဲ့တို့မှ ပူးပေါင်းပြီး စက်ဘီးများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ရမ်းဗြဲမြို့နယ်အတွင်းမှ ဆင်းရဲနွမ်းပါသော ကျောင်းသား ကျောင်းသူ ကလေးငယ်များအား စက်ဘီးလှူဒါန်းခြင်းကို ရမ်းဗြဲမြို့၊ မြို့မဓမ္မာရုံတွင် လှူဒါန်းပွဲပြုလုပ်ကြကြောင်း သိရသည်။

ထိုသို့ စက်ဘီးများ လှူဒါန်းရာတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ဆင်းရဲနွမ်းပါးသော ကလေးငယ်များ   အခြေခံပညာသင်ကြားလျက်ရှိနေကြသည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကျောင်းတက် ကျောင်းပြန် အဆင်ပြေစေရေးအတွက် စက်ဘီးများ လှူဒါန်းပေးခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၉) ဦးအတွက် စက်ဘီး(၁၉) စီးကို လှူဒါန်းပေးကြပါသည်။

အဆိုပါ စက်ဘီးများ လှူဒါန်းရာသို့ We Love Rakhine အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များမှ လာရောက် လှူဒါန်းပေးလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းမှ ကျန်မြို့နယ်များတွင်လည်း ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်နိုင်