လေးမျက်နှာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လေးမျက်နှာ နိုဝင်ဘာ ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  နိုင်ငံတစ်ဝန်း  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသား အခွင့်အရေးများ မဆုံးရှုံးစေရန်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊  အိမ်ထောင်စုလူဦးရေစာရင်းများ  ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်‌နေ့ က  ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့ နယ်  ခမောက်စုကျေးရွာအုပ်စု (အ.ထ.က-ခမောက်စု စာသင်ကျောင်း) တွင်  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  လေးမျက်နှာမြို့နယ် ဦးစီးမှူးဦးကျော်မင်းဦး၏ ကြီးကြပ်မှုဖြင့်  လ.ဝ.က မှူးဒေါ်ရီရီချိူနှင့်  လက်ထောက် လ.ဝ.က မှူး(၅)ဦးတို့မှ  အ.ထ.က-ခမောက်စု အခြေခံပညာ အထက်တန်း ကျောင်းတွင်  ပညာသင်ကြားလျက်ရှိသော  အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် ပြီး‌သော  ကျောင်းသား၊ ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ရာ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၀) ဦးဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက်ရာတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး  စည်ကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(လေးမျက်နှာ)