ကောလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များ စံကွက်ရိတ်သိမ်း

ကောလင်း နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်း  မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားသည့် ခွင်တောင်းအုပ်စု၊ လက်ပံကွေ့ကျေးရွာ တောင်သူ ဦးမောင်ဝင် ကွင်းအမှတ် (၂၀၁၅-က )၊  မှော်ဘီ-၂ မျိုးစေ့ထုတ် ၅ ဧက၌ (၆.၆ပေ×၆.၆ ပေ) စံကွက်ငယ်ကို ယနေ့နံနက် ၉ နာရီအချိန်က ရိတ်သိမ်းခဲ့ရာ နို့ဆီဘူး ၁၄.၅ ဘူး ထွက်ရှိသည့်အတွက် တစ်ဧကအစိုထွက်နှုန်း ၁၁၃ တင်း ထွက်ရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြေစာရင်း ဦးစီးမှူးဦးခင်ဇော်၊ မြေစာရင်းကွင်းတာဝန်ခံ ဦးမြင့်ကြည်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်နှင့်ဝန်ထမ်းများ၊ တောင်သူများစုပေါင်း၍ ရိတ်သိမ်းခဲကြကြောင်း သိရသည်။

ကောလင်းခရိုင်အတွင်း  မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက်  ပင်လည်ဘူးမြို့နယ်တွင် ၂၀၀ ဧက၊ ကောလင်းမြို့နယ်တွင် ၁၅၀ ဧက စုစုပေါင်း ၅၁၀ ဧကစိုက်ပျိုးထားရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)