ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဝက်ကျိန်းဓါတ်စေတီတော်ကြီးအား ဆီမီးတစ်ထောင်၊ ထွန်းညှိပူဇော်

မောင်တော  နိုဝင်ဘာ  ၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဝက်ကျိန်းဓါတ် စေတီ တော်ကြီးဘုရား၊ စေတီများတွင်  ကျေးရွာများရှိ ပြည်သူများက တန်ဆောင်းတိုင်ကာလအတွင်း ညနေ ၇ နာရီ အချိန်မှစတင်ပြီး ဘုရား၊ စေတီများတွင် ဆီမီးတစ်ထောင်၊ ထွန်းညှိကပ်လှူပူဇော်ခြင်းများအား စည်ကားသိုက် မြိုက်စွာ ကျင်းပ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

 အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဝက်ကျိန်းဓါတ်စေတီတော်ကြီးမှာ မယူတောင်တန်း၏ အနောက်ဘက်တွင် သန္တဝါရပဗ္ဗတ အမည်ရှိသော တောင်တန်းသည်တည်ရှိပြီး ထိုတောင်တွင် မြတ်စွာဘုရားရှင် နုစဉ်ဘ၀ပါရမီဖြည့် ကျင့်ခဲ့စဉ် ကာလ ဝက်မင်းတစ်ဇာတ်ဖြစ်ခဲ့ဖူးဖြင့်  မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူလျှင် ဘုရားရှင် မိန့်မြွတ်ခဲ့သည့် ဗျာဒိတ်တော်အတိုင်း ထိပ်တော်မှ ဖြစ်သော သရီရဓါတ်တော်ကို ဌာပနာ၍ ဝက်ကျိန်းဓါတ်စေတီတော်အဖြစ် တည်ထား ကိုးကွယ်လာခဲ့ကြကြောင်း၊ ဝက်ကျိန်းဓါတ်တော်တည်ရှိရာ သန္တဝါရပဗ္ဗတတောင်တော်၏ မြောက်ဘက်မျက်နှာ (ကမ်းပါးစောင်း) တွင် ယခင်ကျောက်ဆစ် လက်ရာရုပ်ထုများ ထုလုပ်ထားရှိကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။ ရှေးဟောင်းသမိုင်းဝင် ဝက်ကျိန်းဓါတ်စေတီတော်ကြီးတည်ရှိရာ  အနီးအနားရှိ ကျေးရွာများမှ ပြည်သူလူထုများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဘုရားရေချမ်းအိုးကပ်လှူ ပူဇော်ခြင်း များအား ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး