ကျိုက်ထိုမြို့နယ်၌ အမျိုးသားအောင်ပွဲနေ့အကြို သက်ကြီးစစ်တုရင်ပြိုင်ပွဲနှင့်ဆုပေးပွဲ ကျင်းပ

ကျိုက်ထို နိုဝင်ဘာ ၂၀

သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး စီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍   (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို သက်ကြီး စစ်တုရင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌  ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်း‌မော်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၀န်ထမ်းများက အကဲဖြတ်ဒိုင်အဖြစ် ပြုလုပ်ပေးပြီး ဆုများကို ရွေးချယ်ပေးခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုများကို မြို့နယ်ဦးစီးအရာရှိက ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

၀င်းမောင်