ကျိုက်ထို နိုဝင်ဘာ ၂၀
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ကျောင်း သား/ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို စုရပ် နေရာဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ကံကော်ရပ်ကွက်၌ ကွင်းဆင်းပြုလုပ် ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့ နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထက်မောင်ဝင်း ကအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခြင်ဖြစ် ကြောင်း၊ လာရောက်ပြုလုပ်သူ ကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ အထောက်အထားများအား စိစစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို ဆောင်ရွက် ပြောကြား ခဲ့သည်။
ယင်းနောက်အသက်(၁၂)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကို ဦးစီးအရှိ ဦးထက်မောင်၀င်းနှင့် ၀န်ထမ်းများက ပြုလုပ်ပေးရာ စုရပ်နေရာဖြစ်သည့် အမှတ်(၁) အခြေခံ ပညာအထက် တန်းကျောင်း၌ အထက(၁) အထက(ရွှေဥသြ)၊ အထက (ဇေယျာမွန်)၊ ကံကော်(မူလွန်)၊ အလက (ကျိုက်ပိ)၊ အောင်မင်္ဂလာ-၂(မူလွန်)၊ မူလွန် (တပ်မ-၄၄)၊ မူလွန် (ဘူတာကျောင်း)၊ မူလွန်-၃(ရှမ်းစု) ကျောင်းများ၌ ပညာသင်ကြားနေသော အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၀) ဦးကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်းသိရသည်။
အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြု လုပ်ပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ကျောင်းသ၊ ကျောင်းသား များ အခက်အခဲမရှိစေရေးအတွက် သက်ဆိုင်ရာများမှ စိစစ်၍ ကူညီဆောင်ရွက်ရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)