မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၁) ကျင်းပ

မင်းဘူး          နိုဝင်ဘာ        ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မင်းဘူးခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေများနှင့် ခရိုင်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို Phase-4 ပထမအကြိမ် ထိုးနှံရန်စီစဉ်နေကြောင်း၊ ကာကွယ်ဆေးထိုးနှံထားကြောင်းလက်မှတ် စစ်ဆေးခြင်းများကို မြို့အဝင်/ အထွက်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားရန်ပြောကြားပြီးနောက် အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်တို့က နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှု အခြေအနေများ၊ အောက်စီဂျင်စက်ရုံများထုတ်လုပ်လည်ပတ်နေမှုများ၊ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးနေမှု၊ ထိုးနှံပြီးစီးမှုနှင့် ကျောင်းသားများကို Phase-3 ဒုတိယ အကြိမ် ထိုးနှံနေမှုအခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှမထိုးနှံရသေးသော ဒေသခံ မိဘ ပြည်သူများအတွက် ကာကွယ်ဆေးခွဲတမ်းအနေဖြင့် (၁၇၃၁ လုံး)ရရှိခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို Phase-4 ပထမအကြိမ်အဖြစ် နိုဝင်ဘာ ၂၂ ရက်နေ့မှစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်