ဝါးခယ်မမြို့နယ်၌ လက်ခုပ်‌နှင့် ဘိုးဘေးအညာစုကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  နိုဝင်ဘာ ၂၀

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်()နာရီက ကျေးရွာအုပ်စု()အုပ်စုရှိ ပြည်သူများ အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များ ခွဲကာ လက်ခုပ်ကျေးရွာအုပ်စု၊ ဘိုးဘေးအညာစုကျေးရွာအုပ်စုရှိ  ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၄၇)ဦး၊ အသက် (၁၈)နှစ်ပြည့် (၆၄)ဦး၊ မိတ္တူ(၁၆)ဦး၊ လဲလှယ်(၁၄)ဦး စုစုပေါင်း(၁၄၁)ဦး တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး