အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများအား အသိပေး နှိုးဆော်

အုတ်ဖို နိုဝင်ဘာ ၂၀

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် နှံ့မှုများထပ်မံမဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုး ဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါဟူသည့် ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင်မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင် ရေး၊တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြစေရေး၊ လူစုလူဝေး ရှောင်စေရေး၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏစနစ်တကျ ဆေးကြောကြစေရေး၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေးကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက် ရေးနှင့်ကို ရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများ သို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုစေရေးစည့် အချက်များအားပြည်သူများသိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ အသိပေးလိုက်လံနှိုးဆော်  ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)