ဖောင်းပြင်မြို့နယ် ပြန်/ဆက်ရုံး၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းပြုလုပ်

ဖောင်းပြင် နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေ ချစ်မြတ်နိုးများ စုပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲအမှတ်(၁၈)၊ အမှတ်(၁၄)မှ စာရေးဆရာ စာချစ်သူ ရေးသားသည့် လူငယ်နှင့် စိတ်ကူး အိပ်မက်အကြောင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် ကစာဖတ်ဝိုင်း ပြုလုပ်ပြီး ဆွေးနွေးကြကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ် ဝိုင်းပြုလုပ်ရ သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ စာချစ်သူရေးသားသည့် လူငယ်နှင့်စိတ်ကူးအိပ်မက်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားကာ ဦးဆောင်ဆွေးနွေး သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့က လူငယ်များသည် အရာရာကို စူးစမ်းလေ့လာရာ၌ တက်ကြွ စိတ်ရှိကြ ကြောင်း၊ လူငယ်တစ်ဦး၏ ဘဝလမ်းကြောင်း ဖြောင့်တန်းတည့်မတ် အောင်မြင်ဖို့သည် မိဘ၊ ဆရာတို့က ပဲ့ပြင်ထိန်းကျောင်းပြုပြင်နိုင်မှုက အဓိကအရေးကြီးကြောင်း၊ နယ်ပယ်အလိုက် ထူးချွန်ထက် မြက်၊ အောင်မြင်နိုင်ရန် စိတ်ကူးစိတ်သန်း အတွေးအခေါ်များသည် အရေးကြီးကြောင်း အတွေးအခေါ် ကောင်းများ ရရှိနိုင်ရန် စာဖတ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်လည်း လမ်း ကြောင်းအမှန်ကို ရွေးချယ်နိုင်ရန် စိတ်ကူးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ကြိုးပမ်းကြ ရန်လိုအပ်ကြောင်းကို အကျယ်တဝင့်ဆွေးနွေးကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးရာသို့ စာပေချစ်မြတ်နိုးသူ ၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာန အနေဖြင့် အလားတူစာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ပြုလုပ်ပေးစေလိုကြောင်း စာပေချစ်မြတ်နိုးသူ ဒေါ်ခင်နှင်းဝေက အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)