လပွတ္တာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် တင်သွင်းသည့် မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်

လပွတ္တာ  ဩဂုတ် ၂၀

လပွတ္တာမြို့နယ်တွင်၊ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီသို့ ရပ်ကွက်/ကျေးရွာ (၈၂)ခုမှ တင်ပြ လာသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ပုံစံများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ သြဂုတ် လ(၁၇)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြော်ငြာပြီး (၂၁)ရက် ပြည့်မြောက်၍ ရပ်ကွက်/ကျေးရွာ (၈၂)ခုမှ တင်ပြလာသည့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် တင်သွင်းရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ)တို့ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများအား စိစစ်ခြင်းလုပ်ငန်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကွန်ပျူတာအချက်အလက်  စာရင်းသွင်းသူများက မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

လပွတ္တာမြို့နယ်တွင်   ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့်တင်ပြလာသည့် မဲဆန္ဒရှင်စာရင်း စုစုပေါင်း (၃၅၁၇)  မဲဆန္ဒရှင် စာရင်း စိစစ်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝင်းကျော်မြင့် (ပြန်/ဆက်)