ဂွမြို့တွင် ၂၀၂၁ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဂွ  နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ဂွမြို့ ရဟိုင်ကူးတို့အုပ်စု၊ ရဟိုင်ကွင်းကျေးရွာ "ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ" တွင် ၂၀၂၁ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲအား ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အခမ်းအနားတွင် သံတွဲခရိုင်  ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ဂွမြိုနယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အမှာစကား ပြောကြားကာ ဂွမြို့နယ် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်ထွန်းလင်းက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူ ဦးသိန်းနိုင်မှ ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ဆက်လက်ပြီး မျိုးစေ့ထုတ် တောင်သူဦးသန်းလွင်ဦး၏ ဆင်းသွယ်လတ်မျိုးစေ့ထုတ် တစ်ဧကအား ၀.၁၀ဧက စံကွက်ရိတ်သိမ်းခြင်း အထွက်ချိန်တွယ်ခြင်းကို ဆောင်ရွက်ခဲ့ရာ တစ်ဧကအစိုအထွက် ၁၂၆တင်းနှုန်းထွက်ရှိပြီး   အခြောက်တစ်ဧကအထွက် ၁၁၁တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်