အမာမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသ

အမာ    နိုဝင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကစ၍ ခင်းကျင်းပြသထား ကြောင်းသိရသည်။

အဆိုပါ နံရံကပ်စာစောင်များတွင် မသန်စွမ်းမှု၊ မသန်စွမ်းဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ်မေးမြန်းချက်များ၊ မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများအကြောင်း အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ မသန်စွမ်းသူများအကြောင်း အသိပညာပေး ကာတွန်းများနှင့် ပန်းချီများကို အများပြည်သူ လေ့လာသိရှိ နိုင်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ပြည်သူများမှ လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။

အမာ(ပြန်/ဆက်)