ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၅)ဦးအား Facility Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်

ကျောက်ကြီး သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မီးတိုင်တောကျေးရွာအုပ်စု မြောင်းဦးကျေးရွာမှ(၂)ဦး၊ မဲပုပ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာမှ(၁)ဦး၊ မုန်း(၄)ရပ်ကွက်မှ(၁)ဦး၊ နတ်သံကွင်း(၇)ရပ်ကွက်မှ(၁)ဦး၊  စုစုပေါင်း နေရပ်ပြန်(၅)ဦးတို့သည် ထိုင်းနိုင်ငံ ရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ခြံလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ် သို့ ပြန်လာရာ ယမန်နေ့ ည(၁၀)နာရီတွင် သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့့်် မြို့နယ်ကော်မတီဝင်များက ပဲနွယ်ကုန်းမြို့တွင် သွားရောက်ခေါ်ဆောင်ခဲ့ သည်။

ထိုင်းနိုင်ငံမှ ကျောက်ကြီးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန်(၅)ဦးအား ကျောက်ကြီး မြို့ ကသစ်ဝိုင်ဓမ္မရိပ်သာ၊ မုန်းကျေးရွာပြည်သူ့ခန်းမနှင့် မီးတိုင်တောကျေးရွာခန်းမများတွင် ဖွင့်လှစ်ထားသည့်  Facility Quarantine ၌ ယနေ့မှှ စတင်၍(၁၀−၉ −၂၀၂၀) ရက်နေ့အထိ Facility Quarantine ဝင်ရောက်နေပါ ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နေထိုင်စားသောက်ရေးများကို ဂရုစိုက်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

K ခိုင် ပြန်/ဆက်