မြေပုံ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ အ.မ.က သဲတန်းကျောင်းတို့ ပူးပေါင်းပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာ အ.မ.က သဲတန်းကျောင်းမှ ကျောင်အုပ်ဆရာကြီး ဦးအောင်သိန်းရွှေက အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေး ပြောကြားသည်။
မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိကြသည်။
သတင်း-ဝင်းမင်းစိုး၊
ဓာတ်ပုံ-တင်ဝင်း(ပြန်/ဆက်)