ငါးသိုင်းချောင်း နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အ-ထ-က ငါးသိုင်းချောင်းကျောင်းခန်း မဆေးထိုးစုရပ်၌ ယနေ့၊ နံနက်ပိုင်းက အဆိုပါ ကျောင်းရှိ အောက်တိုဘာလအတွင်းက (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်း၌ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၄၃)ဦးရှိပြီး သတ်မှတ်ကာကွယ် ဆေးထိုးရက်၌ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် စေတနာ့ ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ယနေ့တွင် အဆိုပါကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး၊ စုစုပေါင်း(၂၀၀)ဦးကို (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုဦး(ငါးသိုင်းချောင်း)