လဟယ် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က လဟယ်မြို့ထေရဝါရ ဗုဒ္ဓသာသနာပြုကျောင်း၊ သာသနာ့ပါလဓမ္မ ဘိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လဟယ်မြို့ထေရဝါရဗုဒ္ဓ သာသနာပြုလက်ထောက် ဆရာတော်ထံ၌ တရားနာပရိတ်သတ်များက ငါးပါးသီလခံယူပြီး လှူဖွယ်ပစ္စည်းများနှင့် ကထိန်သင်္ကန်းကို နာဂဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့မှ ဆက်ကပ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားနာယူခဲ့ပြီး ကထိန်ပဒေသာပင်စုစုပေါင်း (၈၁)ခု ခင်းကျင်းခဲ့ကြောင်း သိရသည်။
ပါမင်းလှိုင်(လဟယ်)