ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ ယကက တာဝန်ရှိသူများအဖွဲ့မှ ဆင်ပေါင်ဝဲမြို့တွင် ယာဉ်ရပ်နားစခန်း ဖွင့်လှစ်နိုင်ရေးအတွက် ယာဥ်ရပ်စခန်းပြုလုပ် ဆောင်ရွက်နေမှု၊ မြေပြုပြင်နေမှု အခြေအနေအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ၈ လိုင်းမှ မော်တော်ယာဉ် ၂၀ စီးဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်တွင်းကြီး၊ အောင်လံမြို့များသို့ ပို့ဆောင်ပေး လျက်ရှိရာ ယခင်က ယာဉ်ရပ်နားစခန်းမရှိသဖြင့် မော်တော်ယာဉ်များ စနစ်တကျ ရပ်နားရန် အခက်အခဲရှိခဲ့ပြီး ယခုဆောင်ရွက်နေသည့် ယာဉ်ရပ်နားစခန်း အကောင်အထည်ဖော် နိုင်ပါက ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)