တန်ဆောင်းမုန်းလပြည့်နေ့၌ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ပြည်သူများ အေးချမ်းသာယာစွာ ဘုရားဖူး လျက်ရှိပြီး စတုသီတာအလှူများ ကျွေးမွေးလှူဒါန်းလျက်ရှိ

သံတွဲ နိုဝင်ဘာ ၁၉

တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သည့် နိုဝင်ဘာ ၁၈ ရက်နေ့၌ သံတွဲမြို့၏ ကျက်သရေဆောင် တန်ခိုးကြီးဘုရားများဖြစ်သည့် သမိုင်းဝင်ဗျာဒိတ်တော်ရ  ရွှေဆံတော်စေတီ၊ ရွှေနံတော်စေတီ၊ ရွှေအံတော် တန်ခိုးကြီး ဆုတောင်းပြည့် စေတီတော်မြတ်တို့တွင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများ လာရောက်ပြီး အေးချမ်းသာယာစွာ တရားထိုင်ခြင်း၊ ဘုရားဖူးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး အလှူရှင်များကလဲ မြို့တွင်းအနှံ့ စတုသီတာ အလှူများ ကျွေးမွေးလှူဒါန်း လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကမ္ဘာကျော်ငပလီကမ်းခြေတွင်လဲ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ပြီး အေးချမ်းသာယာစွာ အနားယူကာ ပင်လယ်အတွင်း ရေကစားလျက်ရှိကာ ဆောင်းဦးပွဲတော် အထိမ်းအမှတ် ဈေးရောင်းပွဲတော်များဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)