ဖျာပုံ သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ကြသည်။
ရှေးဦးစွာ ဖျာပုံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာ ဇေယျာဘုန်းမြင့်က အဖွင့် အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်အား Book Club အသင်းဥက္ကဋ္ဌက ဖတ်ကြားပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက တစ်ဦးခြင်း အလိုက် မိမိတို့၏အမြင်များဖြင့် ပြန်လည်ဆွေးနွေးကြရာ၊ အဆိုပါ စာအုပ်ကို ဖတ်ရှုရခြင်းအားဖြင့် ဘဝတစ်ခု၏ ကောင်ခြင်း၊ ဆိုးခြင်းနှင့် မိမိဘဝ အပြောင်မြောက်ဆုံး လူတစ်ယောက် ဖြစ်အောင် ဆောင်ရွက်ရမည့် အချက်များ နှင့်ပတ်သက်၍ အသီးသီး အပြန်အလှန် ဆွေးနွေး ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)