ဒေးဒရဲမြို့၌ တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ဒေးဒရဲ  နိုဝင်ဘာ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တန်ဆောင်တိုင်ဆွမ်းလုံးချ ပဒေသာပင် လှူဒါန်းပွဲအား ဆုတောင်းပြည့်စုံ  ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး  ဘုရားဝန်းအတွင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲအား မြို့နယ်သံဃာနာယက ဆရာတော်များနှင့်တာဝန်ရှိသူများဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့်  အသင်းအဖွဲ့များက လှူဒါန်းသည့် ပဒေသာပင်များအား ရပ်ကွက်နှင့် ကျေးရွာများရှိ ကြွရောက်အပူဇော်ခံသည့် သံဃာတော်(၇၀)ပါးအား  စာရေးတံမဲဖောက်၍ ပဒေသာပင်(၉၁)ခုအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင်  ကျိုက်ဒေးယျုံ စေတီတော် မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်ရန် အလှူငွေ (၁၀၅၃၅၁၅၀ိ/)ကျပ် အလှူခံ ရရှိခဲ့ပြီး တန်ဆောင်တိုင်ဆွမ်းလုံးချ ပွဲတော်ကို ကိုဗစ်- ၁၉ ကာကွယ်ရေး စည်ကမ်းချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)