တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) တွင် မုဒုံမြို့အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများစည်ကားလျက်ရှိ

မုဒုံ    နိုဝင်ဘာ    ၁၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကျိုက်ကမော့လေးတောင်ပေါ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခဲ့ရာ ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူး ပြည်သူများလာရောက်ဖူးမြှော်၍ စည်ကားလျက်ရှိသည်။

ထို့အပြင်  မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားမှုနှုန်း     သိသာစွာလျော့နည်း ကျဆင်လာပြီးဖြစ်၍ မြို့နယ်အတွင်းရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီ တော်၊အတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင် တော်မူဘုရားကြီး၊ ဘင်လှိုင်စေတီတော်ဘုရားတို့တွင် ကိုဗစ်-၁၉ကာလ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာ စွာ ကုသိုလ်ယူနိုင်ကြစေရန် ကိုဗစ်- ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မနက် (၅) နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်ပေးထားပြီး ရဟန်း၊ရှင်လူပြည်သူများ ဆွမ်း၊ပန်း၊ရေချမ်း ဆီမီး များ ကပ်လှူပူဇော်ကြသည်။

အဆိုပါ ဘုရားစေတီပုထိုးများတွင် မသိုးသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်မြို့အတွင်း၌ တန်ဆောင် မုန်းလပြည့်နေ့တွင် စတုဒီတာများ ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် စည်ကား သိုက်မြိုက် စွာ ကျင်းပ လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)