ကသာ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းဘေး ကျေးရွာများရှိ နေအိမ်များ ရွေ့ပြောင်းခြင်း လုပ်ငန်းများအား ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်၍ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရွာတွင် ကသာမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးသူ ဦးဆောင်၍ ကသာမြို့နယ် မီးသတ်စခန်းနှင့် ကျောက်ထုံး ကြီးနယ်မြေ မီးသတ်စခန်းတို့မှ သန္ဓေ(၂+၁၄) ဦးတို့မှ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေတိုက်စားမှုများ ဖြစ်ပေါ်နေသည့် မြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာဖြစ်သည့် ကျောက်ထုံးကြီးအုပ်စု၊ အောက်သဖန်းဒေါင့် ကျေးရွာရှိ နေအိမ်များအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း ခဲ့ကြောင်း၊ ရေဘေးသင့်ပြည်သူ များအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ အသေအပျောက် မရှိကြောင်း သိရသည်။
ကသာမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၁၀၄၀) စင်တီမီတာ ဖြစ်ပြီး ယနေ့ နေ့လယ် (၁၂) နာရီအချိန် တိုင်းထွာချက်အရ ကသာမြို့ဧရာဝတီ မြစ်ရေသည် (၉၈၅) စင်တီ မီတာသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။
နိုင်လင်းထက်(ပြန်/ဆက်)