ဆော သြဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိသော ပြည်ပမှနေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဆော မြို့နယ်ပြည်သူ့ဆေးရုံ ဓာတ်ခွဲခန်းမှ ဒေါ်ထက်ထက်နွယ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သြဂုတ် ၁၉ ရက် ညနေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲနမူနာရယူရာတွင် ဆောမြို့မိုးကုတ်ရိပ်သာ Quarantine ၌ ရောက်ရှိနေသူ ၁၄ ဦးအနက်မှ ဓာတ်ခွဲနမူနာရယူရန် ကျန်ရှိသည့် ၁၀ ဦးတို့၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် များကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လာရောက်ရယူကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဓာတ်ခွဲခန်းသို့ ပေးပို့ပြီး ဓာတ်ခွဲအဖြေရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ Quarantine Centre ရှိ နေရပ်ပြန်များအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ အစား အသောက်များကို တာဝန်ယူစီစဉ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)