သံဖြူဇရပ်မြို့ စက်စဲကမ်းခြေတွင်အပန်းဖြေအနားယူသူများစည်ကားလျက်ရှိ

သံဖြူဇရပ် နိုဝင်ဘာ ၁၈

မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ စက်စဲကမ်း​ခြေ၌ တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်ပိုင်းက စတင်ကာ ကမ်းခြေလာရောက်ကြသည့် ပြည်သူများအေးချမ်းစွာ အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိသည်။

 သံဖြူဇရပ်မြို့နယ်တွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးထားပြီး ရပ်နီး၊ရပ်ဝေးမှ စက်စဲကမ်းခြေသို့လာရောက် အပန်းဖြေသူများ ကမ်းခြေတွင် စက်ဘီစီး၊မြင်းစီး၊ဆိုင်ကယ်အ​ပျော်စီးသူများ၊ရေကစားကြသူများနှင့် စားစရာမုန့်ဆိုင် ၊ကလေးကစားစရာ၊ အဝတ်အထည်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချသည့် စျေးဆိုင်တန်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)