ကလေး ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ရှောင်တစ်ခင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျှက်ရှိပြီး ကွင်းဆင်းစစ်ဆေး ခဲ့ကြရာတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါး များ၊ ဆေးဝါးအတုနှင့် စံမညီဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် (GPP) နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ကာကွယ်ဆေးများ သတ်မှတ်အပူချိန်အတွင်း ထားသိုရောင်း ချရန်၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုနှင့် ရောင်းချမှုကျင့်စဉ်များနှင့်အညီ ရောင်းချကြရန် မှာကြားခဲ့ကြသည်။
သျှင်နေမင်း (ဂန့်ဂေါ)