ကျုံ​ပျော်တွင် အိုင်အိုဒင်းဆား ​ရောင်းချမှုအရည်အ​သွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ကျုံ​ပျော်  သြဂုတ်  ၂၀


အိုင်အိုဒင်းချို့တဲ့မှု​ကြောင့် ဖြစ်ပွား​သော ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ မြို့မ​ဈေးအတွင်း၌ အိုင်အိုဒင်းဆားရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့​နေ့လယ်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနနှင့် စည်ပင်သာယာ​ရေးအဖွဲ့ ဝန်ထမ်းများ ပူး​ပေါင်း၍ မြို့မဈေးတွင်းနှင့် ​ဈေးပြင်ပရှိ ကုန်စုံဆိုင်များ၌ ရောင်းချသော အိမ်သုံးဆားများတွင် အိုင်အိုဒင်း အရည်အသွေး ပြည့်မီမှု ရှိ ၊မရှိ စစ်ဆေးခဲ့ကြပြီး၊ အရည်အသွေး ပြည့်မီသော ဆားများကိုသာ ​ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာ ဖုံးအုပ် အသုံးပြုကြရန်တို့ကို အသိပညာ​ပေး​ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်သည့် အဏုအာဟာရဓာတ်တစ်ခုဖြစ်​ကြောင်း၊ အိုင်အိုဒင်းဓါတ် ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သား​လျှောခြင်း၊ ကလေး အသေမွေး ဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် က​လေး၊ လူကြီးမ​ရွေး လည်ပင်းကြီးရောဂါခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းစသည့် ရောဂါများ ခံစားရနိုင်​ကြောင်း သိရသည်။


​နေဝင်းမြင့်(ကျုံ​ပျော်)