ရခိုင်ပြည်နယ် မောင်တောမြို့၌  (၃၂)ကြိမ်မြောက်  ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် မြေစိုက် ဗီနိုင်းပိုစတာများ စိုက်ထူ

မောင်တော နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၃၂)ကြိမ်မြောက်  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် မြေစိုက် ဗီနိုင်း ပိုစတာများစိုက်ထူခြင်းကို ယမန်နေ့ နံနက်ပိုင်းက  မြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွ၊ လူစည်ကားရာ နေရာများတွင်  စိုက်ထူခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ ဝန်ထမ်းများက   ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာကလေးများနေ့ (WORLD CHILDREN’S DAY) ကို ကြိုဆိုသောအားဖြင့်   ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများဖြစ်သော “ကျွန်ုပ်တို့ ကလေးတွေအတွက် သီးသန့်ကိုယ်ပိုင်အချိန်နှင့် အေးငြိမ်းစွာတည်ရှိမှုအတွက် အခွင့်အရေးရှိပါတယ်” “ဆင်းရဲနွမ်းပါးသော အခြေအနေမှာ နေနေရတဲ့ ကလေးများကို ကျွန်ုပ်တို့ အကူအညီပေးဖို့ လိုအပ်ပါတယ်” “ကျွန်ုပ်တို့ ကလေးများ၏ အတွေးအခေါ်အယူအဆများကို လေးစားမှုရရှိပြီး ထည့်သွင်းစဉ်းစားပေးရန် လူကြီးများမှ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်” “ ကျွန်ုပ်တို့ ကလေးများအားလုံး မိမိတို့၏ အခွင့်အရေးများ သိရှိအောင် နိုင်ငံတော်အစိုးရက သေချာအောင်  လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” “ကျွန်ုပ်တို့ ကလေးများသည် အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချစွာ နေထိုင်ဖို့ အခွင့်အရေးရှိပါတယ်” “ ကျွန်ုပ်တို့ ကလေးများမှာ သင့်တော်သော သတင်းအချက်အလက်များကိုရရှိခွင့် ရယူခွင့် ရှိပါတယ်” “ ကျွန်ုပ်တို့ကလေး များ၏ လူမျိုး ဘာသာ ၊ ယဉ်ကျေးမှု မတူညီမှု အပေါ်ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ ကာကွယ်ပေးဖို့ အခွင့်အရေး လိုအပ် ပါတယ်”“ကျွန်ုပ်၏ အခွင့်အရေးအတွက် ကျွန်ုပ်ရပ်တည်သည်။ သင်လည်း ပါဝင်ပေးပါ”  စသည့်  ဆောင်ပုဒ်များပါဝင်သော  အသိပညာပေး မြေစိုက် ပိုစတာများ စိုက်ထူခြင်း အများပြည်သူများ သိရှိနိုင်ရန်အတွက်  လူစည်းကားရာ  ဆွမ်းအုပ်ခွဆုံ၊ မြို့မဈေးကြီးအနီး စသည့် နေရာများတွင်  စိုက်ထူခဲ့ကြ ကြောင်း သိရသည်။

သက်လွင်စိုး