အမာမြို့၌ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် စတင်ထိုးနှံပေး

အမာ     နိုဝင်ဘာ     ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီမှ စ၍ အမာမြို့၊ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ် ထိုးနှံပြီးသောအသက် ၁၂ နှစ်အထက်  အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများအနက် ယနေ့တွင် (၃၀၀) ဦးအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး (ဒုတိယအကြိမ်)  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ နှင့် တာဝန်ရှိသူများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)