ကလေးဝမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်စစ်ဆေး

ကလေးဝ ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်  စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင် စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ  ယနေ့ နံနက် ၁၁ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။

အဆိုပါ စား​သောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်​ရောင်းချခွင့်ပြုရာတွင် မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက  စစ်​ဆေး​ဆောင်ရွက်ခဲ့​ပြီး ယင်းဆိုင်များတွင် စားပွဲခုံအား မှန် သို့မဟုတ် ပလတ်စတစ်တို့ဖြင့် နှစ် ပိုင်းခြားကာထားပြီး လက်​ဆေးရန်​ ဘေစင်၊ အပူချိန်တိုင်း သာမိုမီတာနှင့် Mask မပါလာသူများကို Mask များ​ရောင်းချ​ပေးမည့်အစီစဉ်များထားရှိပြီး အစားအ​​သောက်များကိုင်မည့်သူကိုလည်း ​ရှေ့ ကာ၊ လက်အိပ်စသည်ဖြင့် ကိုင်တွယ် ရောင်းချရန် မြို့နယ်စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး သတ်မှတ် စည်းကမ်းများနှင့် ကိုက်ညီမှုရှိ​သော ဆိုင်များကိုသာ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချရန် ခွင့် ပြု ပေးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)