ရေးမြို့နယ်၌ အသက်(၁၂) နှစ်နှင့်အထက် (၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသား၊ ကျောင်း သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် စတင်ထိုးနှံပေး

ရေး    နိုဝင်ဘာ    ၁၇

မွန်ပြည်နယ်   ရေးမြို့နယ်၌   အသက် (၁၂)နှစ်နှင့်အထက်  (၁၈)နှစ်အောက်   အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီက စတင်၍ သတ်မှတ်ဆေးထိုးစု ရပ်ကျောင်းများတွင်  ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  အောက်တိုဘာလ    ပထမပတ်တွင် (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံထားသည့် ကျောင်းသား၊   ကျောင်းသူများအား     ဒုတိယအကြိမ် ထိုးနှံပေး ခြင်းဖြစ်ပြီး    ဆေးထိုးစုရပ် များသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်ပညာ ရေးမှူး ဦးမင်းဌေးဦးနှင့် တာဝန်ရှိသူများ က  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ရေးမြို့နယ်တွင်    သတ်မှတ်ဆေးထိုးစုရပ်  အထက(၁)၊ အထက  (ကျောင်းရွာ)၊   အထက (အာယု တောင်)၊ အထက (ဇီးဖြူသောင်)၊ အထက(ဒူးယား)၊ အထက(ဟံဂံ)၊ အထက(ခေါဇာ)၊ အထက (တောင်ဘုံ)၊ အထက (မော့ကနင်၊   အထက(လမိုင်း)၊ အထက (နှစ်ကရင်)  တို့တွင် ကျောင်းသား၊ ကျောင်းသူ (၆၀၆၄) ဦးအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း    မြို့နယ် ပညာရေးမှူးမှ ပြောကြားသည်။

ခင်သိမ့်သိမ့်ရည် (ပြန်/ဆက်)