လမိုင်း ဩဂုတ် ၂၀
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် အိမ်ထောင် စု(၁)စုလျှင် ငွေကျပ် ၂ဝဝဝဝနှုန်းဖြင့် ထောက်ပံ့ငွေများကို ယမန်နေ့က ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ လမိုင်းမြို့၌ မြို့မ(၁)၊မြို့မ(၂)၊ မြို့မ(၃)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်း စား အိမ်ထောင်စုပေါင်း (၉၆၅)စုတို့အတွက် စုစုပေါင်း ငွေကျပ်(၁၉၃၀၀၀၀၀)ကို ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။
လမိုင်း (ပြန်/ဆက်)